Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပွင့်ဖြူမြို့နယ် ဖူးပွင့်မျိုးသန့်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်က နွေစပါးများ စိုက်ပျိုး


13 May,2025

မကွေး မေ ၁၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ဖူးပွင့်မျိုးသန့်စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်က ကျေးလက်နေတောင်သူများအား မျိုးကောင်းမျိုးသန့်စပါးများ စိုက်ပျိုးလာခြင်းကြောင့် အကျိုးအမြတ်ပိုမိုရရှိစေရန်၊ မျိုးကောင်းမျိုးသန့်များ တစ်ပိုင်တစ်နိုင် ဖြည့်ဆည်းပေးရန် ရည်ရွယ်၍ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ပွင့်ဖြူမြို့နယ်၊ မင်းဘူး(စကု)မြို့နယ်များ၌ စပါးများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးသမဝါယမ ကဏ္ဍက ဆောင်ရွက်လျက်ရှိရာ ဖူးပွင့်မျိုးသန့်စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်း လီမိတက်အနေဖြင့် နွေစပါးစိုက်ဧက ၅၀ ပေါ်တွင် ဆာဖိုးသာစပါးများကို ပျိုးထောင်ရက်နှင့် ကောက်စိုက်များသတ်မှတ်ကာ ၆ တန်း ၁ တန်းလှပ်(မျိုးစေ့ထုတ်)ကောက်စိုက်စနစ်ဖြင့် စိုက်ပျိုးခဲ့ သည်။ အဆိုပါ ဆာဖိုးသာစပါးများ စိုက်ပျိုးရာတွင်  CP ၊ ယူရီးယား၊ စိမ်းစိုနှင့် ပိုတက် စသည့် သွင်းအားစုမြေဩဇာများကို ထည့်သွင်းအသုံးပြုစိုက်ပျိုးထားရှိပြီး လာမည့်ဇူလိုင်လကုန်ပိုင်းတွင် ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်