Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြေလတ်သားအထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်က နှမ်းများ အခွံချွတ်သန့်စင်ပြီး နိုင်ငံခြားသို့တင်ပို့


13 May,2025

မကွေး မေ ၁၂

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊  သန်းတောကုန်းအုပ်စု၊ နွားကူးကျေးရွာတွင် မြေလတ်သား အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်တည်ရှိပြီး အသင်းမှ ဒေသတွင်းထွက်ရှိသည့် အရည်အသွေးကောင်းမွန်သောနှမ်းများကို ဝယ်ယူကာ စက်များဖြင့်အဆင့်ဆင့် နှမ်းအခွံချွတ်သန့်စင်ပြီး  တရုတ်၊ စင်ကာပူ၊ ထိုင်းနိုင်ငံများသို့ တင်ပို့လျက်ရှိသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ နှမ်းတန်ချိန်  ၂၆၃၆၆၁၇.၅၀ kg တင်ပို့နိုင်ခဲ့သည်။ မြေလတ်သားအထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်တွင် အမှုဆောင်သုံး ဦး၊ အသင်းသားစာရင်းစစ် နှစ်ဦးရှိပြီး ဝန်ထမ်း ၂၈ ဦးဖြင့် လုပ်ငန်းများ ဆောင်ရွက်ကာ နိုင်ငံခြားဝင်ငွေရရှိရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက် အကူဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သမဝါယမဦးစီးဌာန


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်