Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်တွင်းကြီးမြို့နယ် ညောင်ဝန်းကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသဘာဝမြေသြဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲ ကျင်းပ


14 May,2025

တောင်တွင်းကြီးမြို့နယ် ညောင်ဝန်းကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသဘာဝမြေသြဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲ ကျင်းပ
တောင်တွင်းကြီး၊ မေ၁၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်တွင် တောင်တွင်းကြီးမြို့နယ် ကံလှကန်ကျေးရွာအုပ်စု၊ ညောင်ဝန်း ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝမြေဩဇာပြုလုပ်နည်းနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို မေလ၁၃ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
            ရှေးဦးစီးစွာ တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးခုတ်မွန်းလျန်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး သဘာဝမြေသြဇာပြုလုပ်နည်းနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ သင်တန်းမှ ရရှိလာ မည့်  အကျိုးကျေးဇူးများနှင့် သင်တန်းသားများအနေဖြင့် သင်တန်းတွင်သင်ကြားပို့ချပေးမည့် သင်ခန်းစာများကို ကြိုးစားသင်ယူမှတ်သားကြစေလိုကြောင်း၊ သင်တန်းကာလပြီးဆုံးသည့်တိုင် စိတ်ပါဝင်စားစွာ လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်သည်ထိ သင်ယူကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
            ဆက်လက်၍ သင်တန်းနည်းပြဆရာများကသင်တန်းစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း ပြောကြားပြီး သင်တန်းသားများကို သဘာဝမြေဩဇာပြုလုပ်နည်းများ လက်တွေ့သင်ကြားပို့ချပေးခဲ့သည်။
            အဆိုပါ သဘာဝမြေသြဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲသို့ ညောင်ဝန်းကျေးရွာမှ  သင်တန်းသား ဦးရေ ၂၀ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းကို မေလ ၁၃ရက်မှ မေလ၁၅ရက်ထိ သုံးရက်ကြာ အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးစီးခုတ်မွန်းလျန်ကပြောပြ၍ သိရသည်။
နွဲ့ယဉ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်