Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကရင်ပြည်နယ် သမဝါယမဦးစီးဌာန ဥပဒေအသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲကျင်းပ


14 May,2025

ဘားအံ မေ ၁၄

ကရင်ပြည်နယ်သမဝါယမဦးစီးဌာနအတွင်းရှိ တာဝန်ထမ်းဆောင်နေသည့် အရာထမ်း၊ အမှုထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေး ဟောပြောဆွေးနွေးပွဲကို ပြည်နယ်သမဝါယမ ဦးစီးဌာနရုံးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးဟောပြောပွဲသို့ ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်အေးပွင့်၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ပြည်နယ်/ မြို့နယ်သမဝါယမဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်း၊ ဝန်ထမ်း စုစုပေါင်း(၄၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြည်နယ်ဦးစီးမှူး ဒေါ်အေးပွင့်က အရာထမ်း၊ အမှုထမ်းများအနေဖြင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများ၊ ဥပဒေပြဋ္ဌာန်းချက်များကို သိရှိနားလည်ကျင့်သုံးနိုင်စေရန်၊ ဥပဒေနှင့်ပတ်သက်၍ နိုင်ငံသားအားလုံး လေးစားလိုက်နာနိုင်ရန်၊ ဥပဒေအသိပညာပြန့်ပွားရေးနှင့် ဗဟုသုတရရှိစေရေးအတွက် ဥပဒေအသိပညာပြန့်ပွားရေးဟောပြောပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကရင်ပြည်နယ်ဥပဒေချုပ်ရုံး၏ ဟောပြောဆွေးနွေးချက်များအား ကရင်ပြည်နယ်သမဝါယမဦးစီးဌာန၌ ဦးစီးအရာရှိ ဒေါ်ပပမော်နှင့် သံတောင်ကြီးမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယင်းမာသွင်တို့က ဥပဒေအသိပညာပြန့်ပွားရေးဆိုင်ရာ သင်ခန်းစာများကို ထပ်ဆင့်ရှင်းလင်း ဟောပြောဆွေးနွေးခဲ့ ကြောင်းသိရှိရသည်။

ဘားအံသတင်းဌာနခွဲ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်