"သနပ်ပင်မြို့နယ် မင်းရွာကျောင်းစုကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှု စစ်ဆေး"
သနပ်ပင်၊မေ ၁၅
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မင်းရွာကျောင်းစုကျေးရွာ အုပ်စု၊မင်းရွာကျောင်းစုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့်ကျေးရွာတွင်းရွာလယ်လမ်းမကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းကတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူမင်းရွာကျောင်းစုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ၊ကျေးရွာနေပြည်သူများ၏ လုပ်အားထည့်ဝင်မှုတို့ဖြင့်ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်း ရွာလယ်လမ်းမ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှု စစ်ဆေးပြီး မြို့နယ်ဦးစီးမှူးဒေါ်ကေသီထွန်းက လမ်းရေရှည်တည်တံ့ခိုင်မြဲစေရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
မင်းရွာကျောင်းစုကျေးရွာအုပ်စု၊မင်းရွာကျောင်းစုကျေးရွာ၌ အရှည် ၃၂၀ပေ၊အကျယ် ၁၂ပေ၊အမြင့်၆လက်မအတိုင်းအတာရှိ ကျေးရွာတွင်း ရွာလယ်လမ်းမကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေများအနက်ငွေကျပ်သိန်း၁၂၀အသုံးပြုပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများကအနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင် ယခုနှစ် ဖေဖော်ဝါရီလ ပထမပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင်းရွာလယ်လမ်းမကွန်ကရစ်ခင်းခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည့်အတွက် မင်းရွာကျောင်းစုကျေးရွာရှိ အိမ်ခြေ ၅၆၆၊ လူဦးရေ၂၈၃၁ဦးတို့ ရာသီမရွေးသွားလာရလွယ်ကူလာမည်ဖြစ်ပြီးကျန်းမာရေး၊လူမှုရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင်လည်းအကျိုးပြုသွားမည်ဖြစ်ကြောင်း သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းက ပြောပြ၍ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်