Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မှော်ဘီမြို့နယ် သမဝါယမအသင်းများမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးသည့် နွေစပါးရိတ်သိမ်းမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး


13 May,2025

မှော်ဘီ မေ ၁၂

ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် မြို့နယ်သမဝါယမ အသင်းစုတို့ပူးပေါင်း၍ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားရှိသော နွေစပါးရိတ်သိမ်းမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့သည်။  

မှော်ဘီမြို့နယ်တွင် သမဝါယမအသင်းစုမှရယူ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင် ရွက်သည့် မှော်ဘီမြို့နယ် ညောင်ကုန်းကျေးရွာ စိမ်းလန်းစိုပြေညောင်ကုန်းမြေသမဝါယမအသင်း တွင် အသင်းသား(၁၅)ဦး၊ စိုက်ဧက(၁၅၀)ဧကမှ အသင်းသားတောင်သူ ဒေါ်အေးအေးပိုင်၏ ရက်(၉၀)စပါးကို ရိတ်သိမ်းရာခဲ့ တစ်ဧကလျှင် စပါးတင်း(၁၂၀) တင်းထွက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ နွေစပါးရိတ်သိမ်းနေမှုကို သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နွေနွေအောင်နှင့် တာဝန်ရှိသူများသွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 ဝင်းဇော်( ဓာတ်ပုံ -၂)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်