Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးတိုင်းဒေသကြီး၊သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မကွေး)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (ပထမနှစ်)သင်တန်း တက်ရောက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်


13 May,2025

မကွေး မေ ၁၂

မကွေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန၊ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း(မကွေး)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (ပထမနှစ်)သင်တန်း တက်ရောက်နိုင်ရေး အတွက် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း(မကွေး)မှ ကျောင်းအုပ်ကြီး ဒေါ်စန္ဒာထွန်းနှင့် မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန တာဝန်ရှိသူများ ကြီးကြပ်လိုက်ပါ၍ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များဖြစ်သော မကွေး၊ ရေနံချောင်း၊ ချောက်၊ တောင်တွင်းကြီး၊ မင်းဘူး၊ သရက်၊ အောင်လံ၊ ဆင်ပေါင်ဝဲ၊ မင်းလှ၊ နတ်မောက်၊ မြို့သစ် မြို့နယ်များသို့ သွားရောက်ကာ ကွင်းဆင်းအဖွဲ့(၃)ဖွဲ့ဖြင့် ဧပြီ(၂၈)ရက်မှ စတင်ကာ မေလ(၆)ရက်အထိ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းဆိုင်ရာများအား အသိပညာပေးရှင်းလင်း ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)

မကွေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်