Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

"တောင်တွင်းကြီးမြို့နယ်တွင် ညောင်ဝန်းကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသဘာဝမြေသြဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်းဆင်းပွဲ ကျင်းပ"


16 May,2025

"တောင်တွင်းကြီးမြို့နယ်တွင်  ညောင်ဝန်းကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသဘာဝမြေသြဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်းဆင်းပွဲ ကျင်းပ"

တောင်တွင်းကြီး၊မေ ၁၆

မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောင်တွင်းကြီးမြို့နယ် ကံလှကန်ကျေးရွာအုပ်စု၊ညောင်ဝန်းကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သဘာဝမြေဩဇာပြုလုပ်နည်း နှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်းဆင်းပွဲအခမ်းအနားကိုမေလ၁၅ရက်နံနက်ပိုင်းက အဆိုပါကျေးရွာ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးက သင်တန်းဆင်းအမှာစကားပြောကြားပြီးတောင်တွင်းကြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က သင်တန်းတွင် သဘာဝမြေဩဇာပြုလုပ်နည်းပညာရပ်များနှင့်နှင့် သင်တန်းမှ ရရှိလာမည့်အကျိုးကျေးဇူးများကို ဆက်လက်ရှင်းလင်းပြောကြားသည်။
  ဆက်လက်၍ အခမ်းနားသို့တက်ရောက် လာကြသော တာဝန်ရှိသူများက အသက် မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝမြေသြဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်းသို့တက်ရောက်သင်ယူခဲ့သောသင်တန်းသားများအားသင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲ သို့ ညောင်ဝန်း ကျေးရွာမှ သင်တန်းသားဦးရေ ၂၀ဦးတက်ရောက်ပြီး သဘာဝမြေဩဇာပြုလုပ်ခြင်းနှင့်ပတ်သက်သည့် ပညာရပ်များကို သင်တန်းနည်းပြ ဆရာများက သင်တန်းသားများကို စာတွေ့၊လက်တွေ့ သုံးရက်ကြာ အခမဲ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်