Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဥဿာစိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်သမဝါယမအသင်းလီမိတက်က ငါး၊ ဘဲနှင့် ကြက်များ မွေးမြူထားရှိ


16 May,2025

ပဲခူး မေ ၁၆

ပဲခူးတိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံစေရန်နှင့် စားသုံးသူပြည်သူများဈေးနှုန်း သက်သာစွာဝယ်ယူနိုင်စေရန် ရည်ရွယ်၍  ဥဿာစိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်သမဝါယမ အသင်းလီမိတက်က ငါးမွေးမြူရေးလုပ်ငန်းကို အဓိကထားဆောင်ရွက်လျက်ရှိပြီး အသင်းပိုင် ငါးကန် ဧရိယာအကျယ်အဝန်း ၁၁၃.၀၆ ရှိသည်။ အသင်းတွင် ငါးမွေးမြူရေးကန် ၃၄ ကန်နှင့် တူးဖော်ဆဲကန် ၁၆ ကန် စုစုပေါင်း ကန် ၅၀ ရှိပြီး ငါးမုန့်၊ ငါးတန်နှင့် ငါးမြစ်ချင်း ငါးမျိုးများ အဓိထားမွေးမြူလျက်ရှိပါသည်။

ထို့ပြင်အသင်းမှ တိုင်းဒေသကြီးနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးမှုရယူ၍ ကြက် မွေးမြူရေးလုပ်ငန်းကို ကြက်သားပေါက်ကောင်ရေ ၅၀၀၀ ဖြင့် ကြက်ခြံတည်ဆောက်ကာ မွေးမြူ လျက်ရှိသည်။ ရောင်းတန်းဝင်ကြက်များအား ရောင်းချပြီး ကြက်သားပေါက်များ ထပ်မံဝယ်ယူ၍ တစ်နှစ်လျှင် သုံးကြိမ်မွေးမြူနိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။ အသင်းမှ ဘဲများကိုပါ မွေးမြူထားရှိပြီး ထွက်ရှိလာသည့် ကြက်၊ ဘဲနှင့် ငါးများကို ပဲခူးမြို့နယ်အတွင်းရှိ အသင်းသား ပြည်သူများသို့ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

သမဝါယမဦးစီးဌာန


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်