Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမအသင်းသားများ၏ နွေစပါးစိုက်ပျိုးထားရှိမှုများအား ကွင်းဆင်းကြည့်ရှု


15 May,2025

တောင်ကြီး မေ ၁၄

နွေစပါးများ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး၊ နွေစပါးအထွက်နှုန်းတိုးမြှင့်စေရေးနှင့် ပန်းတိုင်ထွက်နှုန်းပြည့်မီစေရေးအတွက် လိုအပ်သောသွင်းအားစုများ ဖြည့်ဆည်းပေးနိုင်ရန် ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ မိုင်းပျိုးကျေးရွာအုပ်စု၊ လွယ်မောကျေးရွာ ရှိ ရွှေမင်းသားစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမ အသင်းသားတောင်သူ ၁၀၈  ဦး၏ နွေစပါးစိုက်ဧက ၃၂၄ ဧက၊ ကျေးထက်ကျေးရွာ၊ မြပုလဲစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားတောင်သူ ၅၀ ဦး၏ နွေစပါးစိုက်ဧက ၂၃၀ ၊ တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ ဘုရားငါးဆူကျေးရွာ၊ ချယ်ရီမြေစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယအသင်းသား ၃၄ ဦး၏ နွေစပါးစိုက်ဧက ၅၃၀ စိုက်ပျိုးထားရှိမှုများအပေါ်လိုအပ်သည်များ မှာကြားပြီး မြို့နယ်သမဝါယမအသင်းစုများနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ 

ဆက်လက်၍ ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မိုင်းလီကျေးရွာအုပ်စု၊ မိုင်းအင်းကျေးရွာ အောင်သီဟ လယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသား ၁၁ ဦး၏ နွေစပါးစိုက်ဧက ၆၀ ကို ကွင်းဆင်းကြည့်ရှုပြီး ပန်းတိုင်အထွက် နှုန်းပြည့်မီစေရေး လိုအပ်သောသွင်းအားစုများရရှိစေ ရေးကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်