Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လယ်ဝေးမြို့၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် စီမံကိန်းသီးနှံများ ပန်းတိုင်အထွက်နှုန်းထွက်ရရှိရေး သမဝါယမအသင်းသားတောင်သူများအား အသိပညာပေး ဆွေးနွေး


15 May,2025

လယ်ဝေး မေ ၁၄

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သမဝါယမဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနတို့ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းသီးနှံများ တစ်ဧကပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် သမဝါယမအသင်းသားတောင်သူများအား အသိပညာပေးဆွေးနွေးပွဲကို ကြောင်ရေ ကျေးရွာ KC ၌ ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်သမဝါယမဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများနိုင်ငံတော်ထောက်ပံ့ငွေ၊ လူမှုစီးပွားမြှင့်တင်ရေးစီမံကိန်း (သက်တန့်ရောင်စီမံကိန်း) ဖြင့်ဆောင်ရွက်မည့် သမဝါယမအသင်း ၇ သင်းအပါအဝင် သမဝါယမအသင်း ၁၀ သင်းမှ အသင်းသား၊ အသင်းသူ ၈၅ ဦး တက်ရောက်ခဲ့သည်။

ရှေးဦးစွာ လယ်ဝေးမြို့နယ်၊ သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က သမဝါယမအသင်းသားတောင်သူများအနေဖြင့် သီးနှံများစိုက်ပျိုးရာတွင်  မျိုး၊ မြေ၊ ရေ၊ နည်း စသည့် အခြေခံအချက်များကို စနစ်တကျလိုက်နာဆောင်ရွက်ခြင်းဖြင့် တစ်ဧကပန်းတိုင်အထွက်နှုန်းထွက် ရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစောဝင်းက မျိုးကောင်းမျိုးသန့်များ၊ အထွက်တိုးမျိုးစပါး ရွေးချယ်အသုံးပြုရေး၊ မြေဩဇာသုံးစွဲမှုနှင့် စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေး တို့အတွက် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်