Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဖြူးမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းရာ တစ်ဧက ပျှမ်းမျှအစိုတင်း( ၁၂၆.၃၈)ထွက်ရှိ


19 May,2025

ဖြူး မေ ၁၉

ပဲခူးတိုင်း‌ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ နွေစပါးအထွက်နှုန်း သိရှိစေရေးအတွက် ကျီးမနိုကျေးရွာအုပ်စု၊ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်ရှိ တောင်သူဦးမောင်ဆန်း၊ ကွင်းအမှတ်(၈၀၅-ခ)၊ ဦးပိုင်(၃၂/၇)နှံကောက်မျိုး(၅.၇၅)ဧကအား မေလ(၁၇)ရက်နေ့က မြို့နယ်စိုက်ပျိုးညှိနှိုင်းကြီးကြပ်ရေးအဖွဲ့မှ စံကွက်ရိတ်သိမ်းရာ တစ်ဧက ပျှမ်းမျှ အစိုတင်း( ၁၂၆.၃၈) ထွက်ရှိကြောင်း သိရသည်။

ထိုသို့စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးညှိနှိုင်းကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအေးကိုတင့် နှင့်အဖွဲ့ဝင်များ၊ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့်လုပ်ငန်းစုံ သမဝါယမအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျီးမနိုးကျေးရွာအုပ်စုအတွင်း ကျေးရွာများနှင့်ပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများတက်ရောက် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင်

ပဲခူးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်