တောင်တွင်းကြီးမြို့နယ် ကြီးအောင်းကျေးရွာ၌ VDP စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ပြုလုပ်
တောင်တွင်းကြီး၊ မေ၂၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေဦးကျေးရွာအုပ်စု၊ ကြီးအောင်းကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)မိတ်ဆက်ခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းကို မေ ၁၉ရက်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)သည် ကျေးရွာ၏ လိုအပ်ချက်များကိုကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင်ရွေးချယ်ခြင်း၊ ဆုံးဖြတ်ခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းစနစ်ဖြင့် ဆောင်ရွက်ခွင့်ရသောစီမံကိန်းဖြစ်ကြောင်း၊ ကျေးရွာ၏ ပကတိလိုအပ်ချက်များကိုဖော်ထုတ်ခွင့်ရရှိ၍ ကဏ္ဍာအလိုက်ဖွံ့ဖြိုးရေးအစီအစဉ်များကိုစနစ်တကျစုပေါင်းပြီး ကဏ္ဍာပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဥ်တစ်ရပ်ဖြစ်ပေါ်လာစေရန်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍စီမံကိန်းတာဝန်ခံဝန် ထမ်းများကကျေးရွာကော်မတီရွေး ချယ်မှု သတ်မှတ်ချက်များ၊စီမံကိန်းလုပ်ငန်းများရွေးချယ်ရာတွင် ထည့်သွင်းစဥ်းစားရမည့်အချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ရပ်မိ၊ရပ်ဖများ၊ကျေးရွာသူ၊ကျေးရွာသားများက ကျေးရွာVDPစီမံကိန်းကော်မတီဝင်ခုနစ်ဦးကိုအများသဘောဆန္ဒနှင့်အညီရွေးချယ်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
ကြီးအောင်းကျေးရွာ၌ ၂၀၂၅- ၂၀၂၆ ခုဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ရန်ပုံငွေကျပ်သိန်း ၁၅၀၊ ကျေးရွာလူထုပူးပေါင်းပါဝင်မှုတို့နှင့်အတူ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကျေးရွာသူကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်တွင်းကြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်ကပြောပြ၍သိရသည်။
နွဲ့ယဉ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်