Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကဝနှင့် အုတ်တွင်းမြို့နယ်များရှိ သမဝါယမအသင်းများ စိုက်ပျိုးသည့် နွေစပါးများထွက်ရှိ


20 May,2025

ပဲခူး မေ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ နိဗ္ဗာန်စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းမှ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးသည့် နွေစပါးစိုက်ဧက ၃၀၀ ပေါ်တွင် ထိုင်းနှံကောက်စပါး များစိုက်ပျိုးထားရှိသည်။ အဆိုပါ စိုက်ဧက ၃၀၀ အနက်မှ စိုက်ဧက ၁၅၀ ရိတ်သိမ်းပြီး တစ်ဧက လျှင် ပျှမ်းမျှအထွက်နှုန်း ၁၁၄ တင်း ထွက်ရှိသည်။

အလားတူ အုတ်တွင်းမြို့နယ်တွင်လည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ထိုင်းနှံကောက် အမျိုးအစားနွေစပါးများ စိုက်ပျိုးထားရှိပြီး နွေစပါးများရိတ်သိမ်းရာ အင်ဒိုင်းစိုက်ပျိုးရေးနှင့် အထွေ ထွေလုပ်ငန်းသမဝါယမအသင်းမှ စိုက်ဧက ၁၀၀ ရိတ်သိမ်းရာ တစ်ဧကလျှင်ပျှမ်းမျှအထွက်နှုန်း ၁၁၃.၅ တင်း၊ ဆီဆုံကုန်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ စိုက်ဧက ၅၀ ရိတ်သိမ်းရာ တစ်ဧကလျှင် ပျှမ်းမျှအထွက် နှုန်း ၁၁၂ တင်း၊ ငှက်ပျောတောစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ စိုက်ဧက  ၅၀ ရိတ်သိမ်းရာ တစ်ဧကလျှင် ပျှမ်းမျှအထွက်နှုန်း ၁၁၂.၅ တင်း၊  တောင်ဝင်းကုန်းစိုက်ပျိုးရေးနှင့်အထွေထွေ လုပ်ငန်းသမဝါယမ အသင်းမှ စိုက်ဧက ၃၀ ရိတ်သိမ်းရာ တစ်ဧကလျှင် ပျှမ်းမျှအထွက်နှုန်း ၁၁၅.၅ တင်း၊ အရှေ့ကြို့ကုန်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ စိုက်ဧက ၃၀ ရိတ်သိမ်းရာ တစ်ဧကလျှင် ပျှမ်းမျှအထွက် နှုန်း ၁၁၆ တင်း အသီးသီးထွက်ရှိကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်