Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စီမံကိန်းသီးနှံများနှင့် မိုးစပါးသီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရန်အတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ


20 May,2025

နေပြည်တော်  မေ ၂၀

          စီမံကိန်းသီးနှံများနှင့် မိုးစပါးသီးနှံများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နေပြည်တော်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူ များ၊ မြို့နယ်(၈)မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

          အဆိုပါအစည်းအဝေးတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်ချက်များအပေါ် သမဝါယမဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၏ ညွှန်ကြားချက်အရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်မှ မိုးစပါး/နွေစပါး စိုက်ပျိုးသည့် အသင်းသားတောင်သူများသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် နိုင်ငံတော်ထောက်ပံ့ငွေတို့ကို ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စိုက်ဧက(၁၀,၀၀၀)ဖြင့် လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ရန် လျာထားမှုရှိကြောင်း၊ ယခုနှစ်မိုးစပါးမှစ၍ စိုက်ဧက(၄၀၀၀)ဧကအတွက် ဧက(၁)လျှင် ကျပ်(၂.၅)သိန်းနှင့်ညီမျှသော သွင်းအားစုများ တန်ဖိုးငွေများကို စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရယူ၍လည်းကောင်း၊ စိုက်ဧက (၆၀၀၀)ဧကအတွက် ဧက(၁)ဧကလျှင် ကျပ်(၂)သိန်းနှင့် ညီမျှသောသွင်းအားစုများကို နိုင်ငံတော် ထောက်ပံ့ငွေမှ အသင်းသားတောင်သူတစ်ဦးလျှင် အမြင့်ဆုံး(၅)ဧကနှုန်းဖြင့်လည်းကောင်း  ပံ့ပိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ၍ မြို့နယ်များအနေဖြင့် နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်လိုသည့် စိုက်ဧကများ၊ နိုင်ငံတော်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်လိုသည့်စိုက်ဧကများကို  စိစစ်၍အမြန်တင်ပြ ပေးရန်ဖြစ်ပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေးအတွက် စပါးအထွက်နှုန်းကောင်းမွန်ပြီး မျိုးကောင်းမျိုးသန့်စပါးများကို စိုက်ပျိုးသည့် အသင်းသားတောင်သူများဖြစ်ရန်၊ သွားလာရေး ကောင်းမွန်သည့်နေရာတို့ကို ရွေးချယ်၍ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရာတွင်လည်း ကြဲပက်စိုက်ပျိုးခြင်း မပြုလုပ်စေဘဲ ပျိုးထောင် ကောက်စိုက်စနစ်၊ Seederတို့ဖြင့် ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊    စီမံကိန်းသီးနှံများ ပန်းတိုင်အထွက်နှုန်းကောင်းမွန်ရန် တာဝန်ကျဝန်ထမ်းများက မိမိတို့ ဆောင်ရွက်ရမည့်လုပ်ငန်းများကို စဉ်ဆက်မပြတ်ကြီးကြပ်ရမည်ဖြစ်ပြီး တိုင်းရုံးသို့ အချိန်နှင့် တပြေးညီ တင်ပြဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် စီမံကိန်းသီးနှံများ အကောင်အထည်ဖော်မှု အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်