Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပင်းတယမြို့နယ်၌ ကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနားကျင်းပ


23 May,2025

ပင်းတယ မေ ၂၂

      ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်(ဖြည့်စွက်)ရန်ပုံငွေကျပ် ၃၈ ဒသမ ၀၄၈ သန်းဖြင့် ဆောင်ရွက်ခဲ့သည့် ပွေးလှကျေးရွာလမ်းပေါ်ရှိ ၁၈ ပေ ကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း နှင့် တာဝန်ရှိသူများက ကွန်ကရစ်တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

     ယင်းနောက် တံတားဖွင့်ပွဲအခမ်းအနားကို အဆိုပါတံတားအနီး၌ ကျင်းပပြုလုပ်ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး ပင်းတယမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံက ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ရိုရိုကုမ္ပဏီမှ တာဝန်ခံက ကျေးရွာလမ်းကော်မတီ၏ ကိုယ်စားလှယ်ထံသို့ လုပ်ငန်းလွှဲပြောင်းပေးအပ်ခဲ့ပြီး ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်