နေပြည်တော်၊ မေ ၂၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက် မည့် အခြေခံနှင့်မွမ်းမံစက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ပြောင်ခေါင်းကြီးအုပ်စု၊ ပန်းတင်ကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(စီမံ) ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်တန်းကို သွင်းကုန် အစားထိုးလုပ်ငန်းများ ထုတ်လုပ်လာနိုင်စေရန်၊ မိသားစုဝင်ငွေတိုးတက်ရရှိလာစေရန်နှင့် အသေးစား ကုန်ထုတ်လုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အခြေခံစက်ချုပ် သင်တန်းကို (၁)လနှင့် မွမ်းမံသင်တန်းအား (၁၅)ရက်သင်ကြားမှာဖြစ်ကြောင်း၊ သင်တန်းပြီး မြောက်ပါက အမှန်တကယ် လုပ်ငန်းထူထောင်မည့် သင်တန်းဆင်း(၅)ဦးအား သတ်မှတ်ချက်များ နှင့်အညီ ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်သည် သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံပြီး တာဝန် ရှိသူများနှင့်အတူ အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် သင်ထောက်ကူ စက်ပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်၍ အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းအား တိုင်းဒေသကြီး/ ပြည်နယ်(၁၅)ခုမှ ကျေးရွာ(၁၅၁)ရွာတွင် ဖွင့်လှစ်နိုင်ခဲ့ပြီး လုပ်ငန်းရှင်(၇၅၅)ဦး နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၁၉၃)ရွာမှ လုပ်ငန်းရှင် (၉၆၅)ဦးတို့အား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခဲ့ပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်သည်အထိ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်