Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်း


26 May,2025

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်း

ပျော်ဘွယ် မေ  ၂၅

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မင်းလှသာစည်ကျေးရွာရှိ ကျေးရွာနေပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးနှင့်  တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု တန်းဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို မေလ ၂၄ ရက်နေ့ နေ့လယ်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းဦးက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးနှင့်  တပိုင်တနိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်အတွက်  အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချခဲ့သည့် စာတွေ့လက်တွေ့ သင်ခန်းစာများကို စနစ်တကျ လေ့လာသင်ယူပြီး လက်တွေ့လုပ်ငန်းနယ်ပယ်တွင် အသုံးချကြစေလိုကြောင်းပြောကြားပါသည်။

ထို့နောက် ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ခဲ့သည့် သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပါသည်။

အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တန်းဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ပျော်ဘွယ်မြို့နယ် မင်းလှသာစည်ကျေးရွာမှ သင်တန်းသူ (၂၀)ဦးတို့အား သီးနှံအခြေခံ စားသောက်ကုန်များဖြစ်သည့် ခရမ်းချဉ်သီးယို၊ ဇီးသီးယို၊ သင်္ဘောသီးယို၊ သရက်သီးယို၊ မကျည်းတော်ဖီ ပြုလုပ်နည်းများကို ကျွမ်းကျင်နည်းပြများက  ငါးရက်ကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်