Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျိုင်းတုံမြို့နယ်အတွင်းရှိ သမဝါယမအသင်းများ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု


21 May,2025

ကျိုင်းတုံ  မေ  ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စုရှိ မိုင်းဇင်းလယ်ယာနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူများ စိုက်ပျိုးထားရှိသည့် နွေစပါး စိုက်ဧက ၅၀ အား ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး၊ လိုအပ်သောသွင်းအားစုများ ရရှိစေရေးတို့ကို သက်ဆိုင်ရာမြို့နယ် သမဝါယမအသင်းစုများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကျိုင်းတုံမြို့နယ် သမဝါယမအသင်းစုမှ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ငါးမွေးကန်လုပ်ငန်းအား ကွင်းဆင်းကြည့်ရှု၍ မြို့နယ်သမဝါယမအသင်းစု အမှုဆောင်အဖွဲ့များနှင့်တွေ့ဆုံကာ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။  ထို့နောက် ကျိုင်းတုံမြို့နယ် သမဝါယမဦးစီးဌာနတွင် ဝန်ထမ်းများနှင့် တွေ့ဆုံပြီး သမဝါယမနှင့်ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး/လုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းများကို ဆောင်ရွက်ကြရန် ပြောကြားသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်