ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တင်ဒါဆိုင်ရာအချက်အလက်များ ရှင်းလင်းပွဲကျင်းပ
ပဲခူး မေ ၂၇
ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်း၊တံတား၊ ရေရရှိရေးလုပ်ငန်းများအတွက် တင်ဒါလုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံနှင့် တင်ဒါစည်းကမ်းချက်များ ရှင်းလင်းဆွေးနွေးပွဲကို မေ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တင်ဒါကော်မတီဥက္ကဌဖြစ်သူ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေက မိမိတို့တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို တင်ဒါဆွဲဝယ် ဆောင်ရွက်မည့် ကုမ္ပဏီများအား ကြိုဆိုပါကြောင်း၊ တင်ဒါဆွဲဝယ်သည့် ကုမ္ပဏီများအနေဖြင့် တင်ဒါရရှိပါက လုပ်ငန်းများကို အရည်အသွေးပြည့်မီစွာ ဆောင်ရွက်စေလိုကြောင်း၊ မိမိတို့ ဌာနအနေဖြင့်လည်း ထုတ်ပြန်ထားသည် စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း အဖွင့်အမှာစကား တွင် ထည့်သွင်းပြောကြားပါသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးရန်မျိုးနိုင်က ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်း၊တံတား၊ ရေရရှိရေးလုပ်ငန်းများအတွက် တင်ဒါတင်သွင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပါသည်။
ထို့နောက် တက်ရောက်ကြသော လုပ်ငန်းရှင်ကုမ္ပဏီများမှ တင်ဒါလျှောက်လွှာ တင်သွင်းခြင်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းပြောကြားပါသည်။
အဆိုပါ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်း၊တံတား၊ ရေရရှိရေးလုပ်ငန်းများအတွက် တင်ဒါလုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံနှင့် တင်ဒါစည်းကမ်းချက်များ ရှင်းလင်းဆွေးနွေးပွဲသို့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တင်ဒါကော်မတီဝင်များ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်ကုမ္ပဏီများ တက်ရောက်ခဲ့ကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်