Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သနပ်ပင်မြို့နယ် ကျိုက်မဲကျေးရွာ၌ ကျေးရွာတွင်း ဂဝံခင်းခြင်းလုပ်ငန်းပြီးစီးမှု စစ်ဆေး


26 May,2025

သနပ်ပင်မြို့နယ် ကျိုက်မဲကျေးရွာ၌ ကျေးရွာတွင်း ဂဝံခင်းခြင်းလုပ်ငန်းပြီးစီးမှု စစ်ဆေး
    သနပ်ပင်၊ မေ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျိုက်မဲကျေးရွာအုပ်စု၊ ကျိုက်မဲကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့်ကျေးရွာတွင်း အရှေ့ဘက်ပိုင်းလမ်း ဂဝံခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ၊ ကျိုက်မဲကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ၊ ကျေးရွာနေပြည်သူများ၏ လုပ်အားထည့်ဝင်မှုတို့ဖြင့်ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်းအရှေ့ဘက်ပိုင်းလမ်း ဂဝံခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းက လမ်းရေရှည်တည်တံ့ခိုင်မြဲစေရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
  ကျိုက်မဲကျေးရွာအုပ်စု၊ကျိုက်မဲကျေးရွာ၌ အရှည် ၉၁၈ပေ၊ အကျယ် ၁၂ပေ၊ အမြင့် ၆ လက်မအတိုင်းအတာရှိ ကျေးရွာတွင်း အရှေ့ဘက်ပိုင်းလမ်း ဂဝံခင်းခြင်းလုပ်ငန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေများအနက်ငွေကျပ်သိန်း၁၀၀အသုံးပြုပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများကအနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင်ယခုနှစ်ဇန်နဝါရီလ ဒုတိယပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင်းအရှေ့ဘက်ပိုင်း လမ်းဂဝံခင်းခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည့်အတွက် ကျိုက်ပဒိုင်လေး ကျေးရွာရှိ အိမ်ခြေ ၃၁၆၊ လူဦးရေ ၂၁၀၁ဦးတို့ ရာသီမရွေးသွားလာရလွယ်ကူလာမည်ဖြစ်ပြီးကျန်းမာရေး၊ လူမှုရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင်လည်းအကျိုးပြုသွားမည်ဖြစ်ကြောင်း သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းက ပြောပြ၍ သိရသည်။

 

နွဲ့ယဥ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်