စစ်ကိုင်း၊ မေ ၂၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနသည် သွင်းကုန်အစားထိုး ထုတ်လုပ်မှုများ အားကောင်းလာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများပြားလာစေရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ လူသုံးကုန် အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ အောင်မြေဦး ဘုန်တော်ကြီး သင်ပညာရေးကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ အောင်မြေဦး ဘုန်တော်ကြီး သင်ပညာရေးကျောင်းဆရာတော်၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသား များ တက်ရောက်ကြရာ ခရိုင်ဦးစီးမှူးက ဌာန၏လုပ်ငန်း ဆောင်ရွက်ချက်များ၊ သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းတွင်သင်ကြားပေးမည့် ဘာသာရပ်တို့ကို ရှင်းလင်း ပြောကြားသည်။
ယခုဖွင့်လှစ်သော သင်တန်းတွင် ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲအမျိုးမျိုး ပြုလုပ်နည်း၊ ပန်းကန်ဆေး ဆပ်ပြာပြုလုပ်နည်း၊ လက်ဆေးဆပ်ပြာပြုလုပ်နည်း၊ ရေချိုးဆပ်ပြာ ပြုလုပ်နည်းနှင့် အဝတ်လျှော်ဆပ်ပြာပြုလုပ်နည်းများ မေလ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့ အထိ (၅) ရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည်ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်