Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်တန်းမြို့နယ်၌ အထွက်တိုးမျိုးစပါးများအား မြို့နယ်သမဝါယမအသင်းစု အသင်းသားတောင်သူများထံ ထောက်ပံ့ပေးအပ်


28 May,2025

ကျောက်တန်း   မေ   ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ ဖြင့်အထွက်တိုးမျိုးစပါးများအား အသင်းသားတောင်သူများထံ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကို ယမန်နေ့  နံနက်ပိုင်းက ကျောက်တန်းမြို့နယ် ပါဒကြီးစံပြကျေးရွာတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ မျိုးကောင်းမျိုးသန့်စပါးများကို အသင်းသားတောင်သူများထံ ထောက်ပံ့ပေးအပ် ဖြန့်ဖြူးခြင်းကို ကျောက်တန်းမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်ခိုင်၊ ဦးစီးမှူး ဒေါ်တိုးတိုးဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးသန်းစိုးခေါင်းဆောင်သည့် အဖွဲ့တို့မှ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း (၅) သင်းရှိ အသင်းသားတောင်သူများ လက်ဝယ် အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့ ပူးပေါင်း၍ အထွက်တိုးမျိုးစပါးများ အား အသင်းသားတောင်သူများထံ ထောက်ပံပေးအပ်ခြင်းဖြင့် တောင်သူတို့အတွက် အထွက်တိုးမျိုး စပါးစိုက်ပျိုးရန် မျိုးစပါးရရှိဖို့ ပူပင်စရာမလိုသည့်အတွက် စားနပ်ရိက္ခာဖူလုံပြီး လူနေမှုဘ၀ဖွံ့ဖြိုး  တိုးတက်လာမည်ဖြစ်ပါသည်။

သန့်ဇင်ထွန်း

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်