ဘားအံ မေ ၂6
ကရင်ပြည်နယ်၊ ဘားအံမြို့၌ မိုးစပါးများ စိုက်ပျိုးနိုင်ရန်အတွက် ကရင်ပြည်နယ်သမဝါယမ ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ဌာနစိတ် တာဝန်ခံတို့နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ် ကော့တရုတ်ရကျေးရွာအုပ်စု ကော့တရုတ်ရကျေးရွာ၌ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ သမဝါယမအသင်းလီမိတက် အမှုဆောင်နှင့် သမဝါယမအသင်းသားများ၊ မိုးစပါးစိုက်ပျိုးမည့် လယ်သမားများနှင့်တွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းဖွဲ့စည်းနိုင်ရေး ဆွေးနွေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကရင်ပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ် ဦးစီးမှူးက သမဝါယမအသင်းဖွဲ့စည်းဆောင်ရွက်ခြင်းဖြင့်ရရှိနိုင်မည့် အကျိုးကျေးဇူးများ မိုးစပါး စိုက်ပျိုးရေးတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သမဝါယမကဏ္ဍအနေဖြင့် မျိုး၊ သွင်းအားစု များ ထောက်ပံ့ဆောင်ရွက်ပေးနေမှုများ၊ သမဝါယမအသင်းအချင်းချင်း ချိတ်ဆက်ဆောင်ရွက် နိုင်မှုများအားလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှ စီးပွားဖြစ်ထုတ်လုပ် ရောင်းချနိုင်ရေး၊ ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန မျိုးစေ့ဌာနစိတ်တာဝန်ခံမှ ထွက်တိုးမျိုးကောင်း မျိုးသန့်များ စိုက်ပျိုးနိုင်ရေးအတွက် သိရှိရန်လိုအပ် သည့်အချက်များနှင့် ပတ်သက်၍လည်းကောင်း၊ ဆွေးနွေးခဲ့ကြပြီး ဒေသခံတောင်သူလယ်သမား များမှသိရှိလိုသည်များအားပြန်လည်ရှင်းလင်းခဲ့ကြောင်းသိရှိရသည်။
ဘားအံသတင်းဌာနခွဲ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်