Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တပ်ကုန်းမြို့နယ်၌ ကျေးလက်လမ်း၊ တံတားလုပ်ငန်းများဆောင်ရွက်နေမှု တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး


27 May,2025

တပ်ကုန်း မေ ၂၆

       သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဥတ္တရခရိုင် တပ်ကုန်းမြို့နယ်အတွင်းရာဂီသဘာဝ ဘေးအန္တရာယ်ကြောင့်ပျက်စီးဆုံးရှုံးသွားသည့် လမ်း၊ တံတားများ ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းခွင်များသို့ ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးထွန်းဝေ၊ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်အေးအေးဝင့်နှင့် တာဝန်ရှိသူများက ရာဂီ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး၊ အချိန်မီပြီးစီးစေရေးအလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်