Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စစ်ကိုင်းမြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲကျင်းပ


27 May,2025

စစ်ကိုင်း၊ မေ ၂၇

    သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် သွင်းကုန်အစားထိုး ထုတ်လုပ်မှုများ အားကောင်းလာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများပြားလာစေရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ မေလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ အောင်မြေဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပသည်။

       သင်တန်းဆင်းပွဲသို့ စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသားများ တက်ရောက် ကြရာ ခရိုင်ဦးစီးမှူး သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များပေး၍ သင်တန်းနည်းပြများက  သင်တန်းတွင်ထွက်ရှိသော ထုတ်ကုန်ပစ္စည်းများအား သင်တန်းသားများထံ ပေးအပ်သည်။

       အဆိုပါ သင်တန်းတွင် သင်တန်းသား (၂၀)ဦးအား ဘက်စုံသုံး၊ အဝတ်လျှော်၊ ရေချိုး ဆပ်ပြာရည်အမျိုးမျိုး၊ ခေါင်းလျှော်ရည်၊ လျှော်မွှေးနှင့် ဆပ်ပြာခဲအမျိုးမျိုးပြုလုပ်နည်းတို့ကို စာတွေ့ လက်တွေ့ (၅)ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်