Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုဗ္ဗသီရိမြို့နယ်၌ သမဝါယမအသင်းသားတောင်သူများအား အထွက်တိုးမျိုးစပါးများ ဖြန့်ဖြူးပေးအပ်


29 May,2025

ပုဗ္ဗသီရိ မေ ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပုဗ္ဗသီရိမြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့ ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နိုင်ငံ့တော်ထောက်ပံ့ရန်ပုံငွေ သက်တန့်ရောင်သမဝါယမဖွံ့ဖြိုးမှုစီမံကိန်းတို့မှ မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများအား အထွက်တိုးအောင်နိုင်တိုးမျိုးစပါးများကို တောင်သူများလက်ဝယ်အရောက် ဖြန့်ဖြူးပေးအပ်ခြင်းခဲ့ကြောင်းသိရသည်။

အဆိုပါ မိုးစပါးစိုက်သမဝါယမအသင်းသားတောင်သူများအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းကဏ္ဍမှ သမဝါယမအသင်း(၈)သင်းမှ အသင်းသား တောင်သူ(၇၄)ဦး၏ (၁၇၄) ဧကအတွက် အထွက်တိုးအောင်နိုင်တိုးမျိုး (၂၂ဝ)အိတ်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နိုင်ငံ့တော်ထောက်ပံ့ရန်ပုံငွေ (သက်တန့်ရောင်သမဝါယမဖွံ့ဖြိုးမှု) စီမံကိန်းကဏ္ဍမှ သမဝါယမအသင်း (၉)သင်းမှ အသင်းသားတောင်သူ (၁၃၀)ဦး၏ (၂၆၉) ဧကအတွက် အထွက်တိုးအောင်နိုင်တိုးမျိုး (၃၅၂)အိတ် စုစုပေါင်း (၅၇၂)အိတ်အား တာဝန်ရှိသူများက အသင်းသားတောင်သူများ လက်ဝယ်အရောက် ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်