နေပြည်တော်၊ မေ ၂၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေး စားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ် ငန်းဖြင့် ဆောင်ရွက်မည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့် အခမ်းအနားကို ယနေ့ နံနက် ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သစ်ယာကုန်းကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ၊ ရပ်မိ၊ ရပ်ဖများ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသားများတက်ရောက် ကြပါသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ ဌာနအနေဖြင့် ယွန်း၊ ရက်ကန်း၊ စက်မှု၊ လက်မှု၊ လူသုံးကုန်၊ စားသောက်ကုန်နှင့် အလှကုန်ဆိုင်ရာ နည်းပညာသင်တန်း များကို သင်ကြားပို့ချပေးခြင်း၊ ထွက်ရှိလာသည့် ကုန်ပစ္စည်းများကို ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ စနစ်တကျ လုပ်ငန်းမှတ်ပုံတင်ပေးခြင်းများကို ဆောင်ရွက်ပေးနေသည့် ဌာနတစ်ခုဖြစ်ပါကြောင်း၊ ယခု စီမံကိန်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်သည် အိုးမကွာ၊ အိမ်မကွာဖြင့် မိသားစုဝင်ငွေ တိုးပွား ရေးဆောင်ရွက်လိုသည့် အမျိုးသမီးများ၊ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်မှုမရှိခဲ့သည့် လူငယ်လူရွယ်များကို အသက်မွေးဝမ်းကျောင်း ပညာရပ်များသင်ကြားတတ်မြောက်စေပြီး ကိုယ်ပိုင် လုပ်ငန်းထူထောင်နိုင်ရန် ဖြစ်ပါကြောင်း၊ သင်တန်းဆင်းပြီးပါက သင်တန်းဆင်းများထဲမှ အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် (၅)ဦးအား ရွေးချယ်၍ လုပ်ငန်းသုံးပစ္စည်းများ ပံ့ပိုး ပေးသွားမည် ဖြစ်ပါကြောင်း၊ အဆိုပါ (၅)ဦးအား ရွေးချယ်ရာတွင်လည်း ချစ်ခြင်း၊ မုန်းခြင်း၊ ဘက်လိုက်ခြင်းများ မရှိဘဲ ရွေးချယ်ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် သင်တန်း၌ စာတွေ့၊ လက်တွေ့ လုပ်ငန်းများတွင် စိတ်ပါဝင်စားပြီး ထူးထူးချွန်ချွန် လိုက်ပါဆောင်ရွက်နိုင်သူများကို စနစ်တကျ ရွေးချယ်သွားရမည် ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းသား များမှ မိတ်ဆက်စကားပြောကြားပြီး ညွှန်ကြားရေးမှူးချုပ်က ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်၍ အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းအား တိုင်းဒေသကြီး/ ပြည်နယ်(၁၅)ခုမှ ကျေးရွာ(၁၅၁)ရွာတွင် ဖွင့်လှစ်နိုင်ခဲ့ပြီး လုပ်ငန်းရှင်(၇၅၅)ဦး နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၁၉၃)ရွာမှ လုပ်ငန်းရှင် (၉၆၅)ဦးတို့အား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခဲ့ပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်သည်အထိ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်