Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝါးခယ်မတွင် နွေစပါး စံကွက်ရိတ်သိမ်းရာ တင်း (၁၂၀) ထွက်ရှိ


29 May,2025

ဝါးခယ်မ မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကံကွင်းကျေးရွာအုပ်စုရှိ စိန်ဧရာ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းသား ဦးမင်းဦး၏ ကွင်းအမှတ် (၁၀၂၄)  ၊ ဦးပိုင်အမှတ် ၄  ရှိ စိုက်ပျိုးဧက ၁၀ ဧကတွင် နွေစပါး စံကွက်ရိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါး ရက်(၉၀)စပါးမျိုး စံကွက်ရိတ်သိမ်းပွဲကို မြို့နယ်စိုက်တိုးမြှင့်အဖွဲ့နှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တူးတူးလွင်နှင့် ဝန်ထမ်းများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စံကွက်ရိတ်သိမ်း ရာတွင် တစ်ဧကလျှင် တင်း (၁၂၀) ထွက်ရှိကြောင်း သိရသည်။

လွှမ်းသီဟ (ပြန်/ ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်