Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောင်းသုံးစာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်


28 May,2025

မော်လမြိုင် မေ ၂၈

ကျောင်းနေအရွယ်ကလေးများအား ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၆ ရက်က မွန်ပြည်နယ်သမဝါယမဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့သည်။

အခမ်းအနားတွင် မွန်ပြည်နယ်သမဝါယမဦးစီးဌာန၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် ရာမညမြေအထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းတွင် အသင်းသားအဖြစ်ပါဝင်သော ဝန်ထမ်းများ၏ ကျောင်းနေအရွယ်ကလေးများအတွက် ကျောင်းသုံး စာရေးကိရိယာများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်