Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ကင်ပွန်းတန်းကျေးရွာ၌ ဝင်ငွေတိုးစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်


31 May,2025

နေပြည်တော်၊ မေ ၃၁

 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေး နိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်မည့် သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ကင်ပွန်းတန်းကျေးရွာ၌ ကျင်းပသည်။

 အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင် ရာတာဝန်ရှိသူများ၊ စီမံကိန်းတာဝန်ခံများ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။

 ဦးစွာညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခု စီမံကိန်းသင်တန်း ကို ဒေသခံများ၏ လိုလားချက်အရ သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်း၌ သဘာဝသစ်သီးယိုအမျိုးမျိုး၊ ‌ဖျော်ရည်အမျိုးမျိုး၊ သီးနှံခြောက်အမျိုးမျိုး၊ အသင့်စား စားသောက် ကုန်များနှင့် ဝိုင်အမျိုးမျိုး စသည့် သီးနှံအခြေခံ ထုတ်လုပ်မှုနည်းပညာများကို သင်ကြားပေးသွား မည်ဖြစ်ကြောင်း၊ သင်တန်းဆင်းများထဲမှ အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်း ထူထောင်မည့် ထူးချွန်သင်တန်း (၅)ဦးအား ရွေးချယ်၍ လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထူးချွန်သင်တန်းသားများ ရွေးချယ်ရာတွင်လည်း ဘက်လိုက်မှုများ မရှိစေဘဲ အမှန်တကယ် သင်တန်း၌ စာတွေ့၊ လက်တွေ့ ထူးချွန်ပြီး ကိုယ်ပိုင်လုပ်ငန်း ထူထောင်မည့် သင်တန်းသားများ ကိုသာ ရွေးချယ်ရမည်ဖြစ်ပါကြောင်း၊ ကိုယ်ပိုင်လုပ်ငန်း ထူထောင်ရန် လုပ်ငန်းသုံးပစ္စည်းများကို လက်ခံရရှိပြီးပါက (၃)လအတွင်း လုပ်ငန်းစတင်ပြီး အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ပြီး ဌာနအနေဖြင့်လည်း ကူညီပေးသွားမည် ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

 ယခုဖွင့်လှစ်သော သင်တန်းတွင် သင်တန်းသားများအား ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင် သည်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်း ထူထောင်မည့် ထူးချွန်သင်တန်းသား (၅)ဦးအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်