မန္တလေး၊ ဇွန် ၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအသေးစားစက်မှုလက် မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေး စီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်မည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စဉ့်ကိုင်မြို့နယ်၊ ထန်းသုံးပင်ကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီး မှူး၊ ကျောက်ဆည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သက်ဆိုင်ရာဌာန များမှ တာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက် ရောက်ကြသည်။
ဦးစွာ ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စီမံကိန်းလုပ်ငန်း ဆောင်ရွက်နိုင်မှုအခြေအနေ များ၊ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများ၊ လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်မည့် အစီအစဉ်များအား ရှင်းလင်းပြောကြားကာ စီမံကော်မတီဝင်များအား စီမံကိန်းလုပ်ငန်း ပေးအပ်ပြီး သင်တန်းသားများအား သင်တန်းသုံးပစ္စည်းများ ပေးအပ်သည်။
ယခုဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို သင်တန်းသား(၁၈)ဦးအား ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်သည်အထိ ဇွန်လ ၃ ရက်နေ့မှ ၉ ရက်နေ့ အထိ ပထမအကြိမ် နှင့် ဇွန်လ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့ အထိ ဒုတိယအကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ပြီး အမှန်တကယ်ကိုယ် ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်