ကံမမြို့နယ် ထုံးကြီးကျေးရွာ၌ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကျင်းပ
ကံမ ဇွန် ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနတို့ပူးပေါင်း၍ ကျွန်းကလေးကျေးရွာအုပ်စု၊ ထုံးကြီးကျေးရွာ၌ မီးခိုးမြူငွေ့လေထု ညစ်ညမ်းမှုလျော့နည်းစေရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပကြောင်း သိရသည်။
ဟောပြောပွဲတွင် သရက်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသက်ဖြိုးအောင်က ကျေးလက်နေပြည်သူများ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု လျော့နည်းစေရေး ဆိုင်ရာ အသိပညာ၊ ဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ယခုလိုဟောပြောပွဲကို ဆောင်ရွက်ရခြင်းဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းကိုနိုင်က မီးခိုးမြူငွေ့အန္တရာယ်ကြောင့် နောက်ဆက်တွဲဖြစ်ပွားလာနိုင်သည့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများကို ကာကွယ်နိုင်ရန် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာသိကောင်းစရာများကို ရှင်းလင်း ပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများက မီးခိုးမြူငွေ့အန္တရာယ်အကြောင်း သိကောင်းစရာများကို ပြောကြားသည်။
ထို့နောက် သရက်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု လျော့နည်းစေရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
နော်လူး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်