Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများက စာရင်းကျွမ်းကျင်သူများ မွေးထုတ်လျက်ရှိ


04 Jun,2025

နေပြည်တော် ဇွန် ၄

သမဝါယမကဏ္ဍက အရည်အချင်းပြည့်မီသော စာရင်းကျွမ်းကျင်သူများ မွေးထုတ် ပေးရန်၊ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရန်၊ အခြေခံပညာ Grade 9 အောင်မြင်ပြီး ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများတက်ရောက်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစကာ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်)များတွင် အခြေခံပညာကျောင်းများကဲ့သို့ နှစ်စဉ် ဇွန်လမှ ဖေဖော်ဝါရီလထိ သင်တန်းကာလ (၉)လဖြင့် (၃)နှစ်သင်တန်းကို ဖွင့်လှစ်လျက်ရှိသည်။

သင်တန်းကျောင်းများက သင်တန်းတက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူများ အား သင်တန်းတက်ရောက်စဉ်ကာလအတွင်း အခမဲ့စားသောက်နိုင်ရေးစီစဉ်ပေးခြင်း၊ နေထိုင်ရေး အတွက် အဆောင်များစီစဉ်ထားရှိခြင်း၊ ပညာသင်ကြားရေးအတွက် စာရေးကိရိယာများ၊ ပြဋ္ဌာန်း စာအုပ်များအပြင် ပညာသင်ထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လငွေကျပ်(၁၀၀၀၀/-)နှုန်း ‌ထောက်ပံ့ပေးလျက်ရှိသည်။

အဆိုပါ(၃)နှစ်သင်တန်းတွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာအထက်တန်းအဆင့် Grade  10, Grade  11, Grade  12 တို့၌ သင်ကြားသော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ Accounting နှင့် Computer ဘာသာရပ်များကို သင်တန်းကာလအတွင်း စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိပြီး လက်တွေ့လုပ်ငန်းခွင်ဝင်ရာတွင် အသင့်ဖြစ်စေရန် အတွက် Internship Program များနှင့် ကုမ္ပဏီ၊ စီးပွားရေးအသင်းအဖွဲ့များသို့ သွားရောက် ကွင်းဆင်းလေ့လာနိုင်ရေး ဆောင်ရွက်သင်ကြားပေးလျက်ရှိသည်။ သင်တန်းပြီးမြောက်အောင်မြင်သူများကို လက်မှတ်ရစီးပွား ရေးစာရင်းကိုင်ပညာ (Certificate in Business Accounting) အောင်လက်မှတ်ပေးအပ်ချီးမြှင့် လျက်ရှိသည်။ သင်တန်းပြီးမြောက်အောင်မြင်၍ သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသူများသည် သမဝါယမကောလိပ်များသို့ ပေါင်းကူးတက်ရောက်ခွင့်ရရှိနိုင်မည်ဖြစ်သည်။

ထို့ပြင် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများမှ သင်တန်းပြီးမြောက်ပါက အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရေးအတွက် အလုပ်သမားညွှန်ကြား မှုဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ သမဝါယမအသင်းများကို ဖိတ်ခေါ်၍ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် စီစဉ်ဆောင်ရွက်ပေးကာ  စာရင်းကျွမ်းကျင် သူများကို မွေးထုတ်ပေးလျက်ရှိကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်