Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ သမဝါယမအသင်းများက စိုက်ပျိုးသည့် နွေစပါးများထွက်ရှိ


02 Jun,2025

ဧရာဝတီ  ဇွန်  ၂

 ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးထားသည့် နွေစပါးများအား ရိတ်သိမ်းလျက်ရှိရာ ဇလွန်မြို့နယ်တွင် စိုက်ပျိုးထားသည့် ဆင်းသုခ စပါးစိုက်ဧက ၁၀၀ ၊ အိမ်မဲမြို့နယ်တွင် စိုက်ပျိုးထားသည့် သီးထပ်ရင်စပါးစိုက်ဧက ၂၀၀၊ ဝါးခယ်မမြို့နယ်တွင် စိုက်ပျိုးထားသည့် နယူးဧရာ၊ ရက်(၉၀)စပါးစိုက်ဧက ၇၂၅ ဧက၊ ဓနုဖြူမြို့နယ်တွင် စိုက်ပျိုးထားသည့် GW-11 စပါးစိုက်ဧက ၇၀၀၊ ဒေးဒရဲမြို့နယ်တွင် စိုက်ပျိုးထားသည့် ရက်(၉၀)စပါးစိုက်ဧက ၅၀၀ နှင့် လပွတ္တာမြို့နယ်တွင် စိုက်ပျိုးထားသည့် ရက်(၉၀)စပါးစိုက်ဧက ၂၁၀ တို့ကို ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် အထွက်နှုန်း ပျှမ်းမျှ တင်း ၁၀၀ ကျော်ခန့်ထွက်ရှိကြောင်း သိရှိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်