ညောင်ဦး၊ ဇွန် ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ညောင်ဦးခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် မိသားစုဝင်ငွေတိုးပွားစေရန်နှင့် MSME လုပ်ငန်းများချဲ့ထွင်နိုင်ပြီး နိုင်ငံ့စီးပွားဖွံ့ ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ မေလ ၂၉ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ အထိ (၅)ရက်ကြာ ဖွင့်လှစ်ခဲ့သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ ညောင်ဦးခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦစီးဌာန ခရိုင်ဦးစီးမှူး၊ သင်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသားများ တက်ရောက်ကြ သည်။
အခမ်းအနားတွင် ညောင်ဦးခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦစီးဌာန ခရိုင်ဦးစီးမှူးက သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက သင်တန်းသားများအား သင်တန်းဆင်း ထုတ်ကုန်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ယခုဖွင့်လှစ်ခဲ့သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ခေါင်းလျှော်ရည်၊ ဆပ်ပြာ အမျိုးမျိုး၊ မျက်နှာသစ်ဆပ်ပြာခဲနှင့် ကိုယ်တိုက်ဆပ်ပြာခဲအမျိုးမျိုး ပြုလုပ်နည်းများကို ကိုယ်ပိုင် လုပ်ငန်းလုပ်ကိုင်နိုင်သည်အထိ စာတွေ့ လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်