မိတ္ထီလာ၊ ဇွန် ၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ)အနေဖြင့် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေး စီမံကိန်းလုပ်ငန်းဖြင့် ဝမ်းတွင်းမြို့နယ်၊ ဇီးကျင်းကျေးရွာတွင် စက်ချုပ်နည်းပညာသင်တန်းကို ဇွန်လ ၂ ရက်နေ့မှ စတင်၍ (၁)လကြာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ စက်ချုပ်နည်းပညာသင်တန်းတွင် အပ်ချုပ်စက်နှင့် ဆက်စပ်ပစ္စည်းကိရိယာ ကိုင်တွယ်အသုံးပြနည်း၊ ထိန်းသိမ်းနည်းများ၊ အမျိုးသမီးဝတ် ရင်စေ့/ရင်ဖုံး၊ ရင်ဖြတ်စက်အင်္ကျီချုပ် နည်းများ၊ အမျိုးသားဝတ် အင်္ကျီအမျိုးမျိုးချုပ်နည်းများ၊ ကလေးဝတ် ဂါဝန်၊ စကပ်၊ ဘောင်းဘီ အမျိုး မျိုး ချုပ်နည်းများ နှင့် ပွဲတက်မြန်မာဝတ်စုံချုပ်နည်းများကို ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်သည်အထိ ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
၎င်းသင်တန်းတွင် သင်တန်းဆင်းများထဲမှ အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် သင်တန်းဆင်း(၅)ဦးကို သတ်မှတ်ချက်များနှင့်အညီရွေးချယ်ပြီး လုပ်ငန်းပစ္စည်များလည်း ပေးအပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်