စစ်တွေ ဇွန် ၃
စစ်တွေခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စစ်တွေမြို့နယ်အတွင်းရှိ လုပ်ငန်းများအား ရခိုင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမြင့်ဟန်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မြေပြင်အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စစ်တွေမြို့နယ်အတွင်း ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျေးလက်လမ်းတံတားလုပ်ငန်း ခုနစ်ခုနှင့် ကျောက်စီမြေထိန်းနံရံ ၁၀ ခု ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်