Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သဲကုန်းမြို့နယ် မအူကန်ကျေးရွာ၌ စက်ရေတွင်းတူးဖော်နိုင်ရေး Geophysical Survey တိုင်းတာမှုများပြုလုပ်


04 Jun,2025

သဲကုန်းမြို့နယ် မအူကန်ကျေးရွာ၌ စက်ရေတွင်းတူးဖော်နိုင်ရေး Geophysical Survey တိုင်းတာမှုများပြုလုပ်

သဲကုန်း ဇွန်  ၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မအူကန်ကျေးရွာ၌ ရေရရှိရေး စက်ရေတွင်းတူးဖော်နိုင်ရန်အတွက် မြေအောက်ရေ အောင်းလွှာတည်ရှိနိုင်မည့်နေရာ သိရှိနိုင်ရေး ယနေ့ နံနက်ပိုင်းက Geophysical Survey တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ Geophysical Survey တိုင်းတာမှုများပြုလုပ်ရာတွင် နတ်တလင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဌေးလွင်စိုး ၊ သဲကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထက်နောင်၊ အကြီးတန်းစာရေး ဦးပြည်စုံနှင့်ဝန်ထမ်းများက ကျေးရွာမှ တာဝန်ရှိသူများနှင့်အတူ စက်ရေတွင်းတူးဖော်နိုင်ရေးအတွက် မြေအောက်ရေအောင်းလွှာ တည်ရှိ နိုင်မည့်နေရာများအားသိရှိနိုင်ရေး လက်တွေ့ကွင်းဆင်းကာ Geophysical Survey တိုင်းတာမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

Geophysical Survey တိုင်းတာခြင်းဆိုသည်မှာ   မြေလွှာများအတွင်းသို့ လျှပ်စစ်ဖြတ်သန်းစီးဆင်းစေပြီး မြေလွှာ တစ်ခုချင်းအလိုက် လျှပ်စစ်ခုခံမှုတန်ဖိုး(အုမ်းမီတာ)ကို တိုင်းတာတွက်ချက်ခြင်းဖြင့် မြေအောက်ရေအောင်းလွှာ၏ အနေအထားကို ဖော်ထုတ်လေ့လာခြင်းဖြစ်ကြောင်း၊ Geophysical Survey တိုင်းတာခြင်းကြောင့် ကောင်းမွန်သည့် မြေအောက်ရေအောင်းလွှာတည်ရှိမည့်နေရာကို အလွယ်တကူခန့်မှန်းသိရှိစေနိုင်ပြီး စက်ရေတွင်းတူးဖော်ပေးရာတွင် ရေထွက်နည်းခြင်း၊ ရေအရည်အသွေးကောင်းမွန်မှုမရှိခြင်းစသည့် အခက်အခဲများလျော့နည်းစေနိုင်ကြောင်း ဘဏ္ဍာငွေလေလွင့်ဆုံးမှုနည်းပါးစေကြောင်း နတ်တလင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးက ပြောပြ၍ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်