သန်လျင်၊ ဇွန် ၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သန်လျင်ခရိုင်အသေးစားစက်မှုလက်မှုလုပ် ငန်းဦးစီးဌာန အနေဖြင့် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေ တိုးရေးစီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်မည့် စက်ချုပ်နည်းပညာသင်တန်းကို ယနေ့ နံနက်ပိုင်းက တွံတေးမြို့၊ ကျွန်းတောရပ်ကွက်၌ ကျင်းပသည်။
အခမ်းအနားသို့ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ သန်လျင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သက်ဆိုင်ရာဝန်ရှိသူများ၊ စီမံကိန်းကော်မတီ ဝင်များ၊ သင်တန်းနည်းပညာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး သန်လျင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက ဌာန၏ လုပ်ငန်းဆောင်ရွက် ချက်များ၊ စီမံကိန်းလုပ်ငန်း ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူး များ၊ လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်မည့် အစီအစဉ်များအား ရှင်းလင်း ပြောကြားသည်။
ယခုဖွင့်လှစ်သော စက်ချုပ်နည်းပညာသင်တန်းကို ဇွန်လ ၃ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့ အထိ (၁)လကြာ အခြေခံစက်နင်းနည်း၊ ကိုယ်တိုင်းနည်း၊ Pattern ဆွဲနည်း၊ အင်္ကျီချုပ်နည်းအမျိုးမျိုး၊ စကပ်ချုပ်နည်း၊ ဂါဝန်ချုပ်နည်း၊ ကလေးဝတ်အင်္ကျီနှင့် ဘောင်းဘီချုပ်နည်းအမျိုးမျိုးတို့ကို ကိုယ်ပိုင် လုပ်ငန်းထူထောင်နိုင်သည်အထိ စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းဆင်း များထဲမှ အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၅)ဦးအား သတ်မှတ် ချက်များနှင့်ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်