နေပြည်တော်၊ ဇွန် ၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံအခြေခံ စားသောက်ကုန်သင်တန်းဖွင့်ပွဲအား ၄.၆.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် သင်တန်းသား(၁၀)ဦးဖြင့် ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီး ဌာနမှ တိုင်းဦးစီးမှူး၊ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းသား/သူ (၁၀)ဦး စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းဖွင့်ပွဲတွင် နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါ သင်တန်းတွင် ကြာရှည်ခံဓါတုဆေးဝါးများအကြောင်း၊ ယိုအမျိုးမျိးပြုလုပ်နည်း၊ ရေခဲမုန့်ပြုလုပ်နည်း၊ ဂျယ်လီပြုလုပ်နည်း၊ Quality Control and Packaing ၊ ဌာန၏ ဥပဒေ၊ နည်းဥပဒေ နှင့် လုပ်ငန်းမှတ်ပုံတင်ခြင်းများကို ၄.၆.၂၀၂၅ ရက်နေ့မှ ၈.၆.၂၀၂၅ ရက်နေ့ထိ သင်တန်းကာလ (၅)ရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါ သည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်