Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တွံ့တေးမြို့နယ်၊ ခတ္တိယစံပြကျေးရွာ၌ ဝင်ငွေတိုးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်


05 Jun,2025

သန်လျင်၊ ဇွန် ၅

            သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သန်လျင်ခရိုင်အသေးစားစက်မှုလက်မှုလုပ် ငန်းဦးစီးဌာန အနေဖြင့် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေ တိုးရေးစီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်မည့် အိမ်တွင်းလျှပ်စစ်ပစ္စည်းအမျိုးမျိုးပြုပြင်နည်းသင်တန်း ကို ယနေ့ နံနက်ပိုင်း တွံ့တေးမြို့နယ်၊ ခတ္တိယစံပြကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

          အခမ်းအနားသို့ သန်လျင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သက်ဆိုင်ရာဌာနများမှ ဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ၊ ရပ်မိရဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

            သင်တန်းဖွင့်ပွဲတွင် သန်လျင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စီမံကိန်းလုပ်ငန်း ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ရည်ရွယ် ချက်များနှင့် အကျိုး‌‌ကျေးဇူးများ၊ လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်မည့် အစီအစဉ်များအား ရှင်းလင်း ပြောကြားသည်။

          ယခုဖွင့်လှစ်သော အိမ်တွင်းလျှပ်စစ်ပစ္စည်းအမျိုးမျိုးပြုပြင်နည်းသင်တန်းကို ဇွန်လ ၅ ရက်နေ့ မှ ၁၉ ရက်နေ့အထိ (၁၅)ရက်ကြာ သင်တန်းသားများအား ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နိုင်သည်အထိ စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်