Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လယ်ဝေးမြို့နယ်၊ ဇေယျသိန်ကျေးရွာ၌ ဝင်ငွေတိုးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်


07 Jun,2025

နေပြည်တော်၊ ဇွန် ၇

 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်မည့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ဇေယျ သိန်ကျေးရွာ၌ ကျင်းပသည်။

 အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ စီမံကိန်း ကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။

 ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ နည်းပညာပေး သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် မိသားစု တစ်နိုင်တစ်ပိုင် အသေးစားစီးပွားရေးလုပ်ငန်းများ ထူထောင်လာနိုင်ပြီး မိသားစုဝင်ငွေတိုးပွားကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါ ကြောင်း၊ အသေးစားစီးပွားရေးလုပ်ငန်းများသည် MSME လုပ်ငန်းများမှာ ပါဝင်ပြီး နိုင်ငံ့စီးပွား ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း အရေးပါသည့် လုပ်ငန်းများ ဖြစ်ပါကြောင်း၊ ယခုစီမံကိန်းသင်တန်းတွင် စာတွေ့ လက်တွေ့ သင်ကြားခြင်း၌ စိတ်ပါဝင်စားပြီး ထူးချွန်စွာလိုက်ပါ ဆောင်ရွက်နိုင်သူ၊ ရေရှည် တွင် အမှန်တကယ် လုပ်ငန်းထူထောင်လိုသူ (၅)ဦးကို စနစ်တကျရွေးချယ်ပြီး သင်တန်းဆင်းပါက လုပ်ငန်းသုံးပစ္စည်းများနှင့် လက်သုံးကိရိယာများ ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများ အနေဖြင့် သင်တန်းကသင်ကြားပေးမည့် မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာရပ်များကို စာတွေ့၊ လက်တွေ့ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်အောင် သင်ကြားကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

      ယခုဖွင့်လှစ်သောသင်တန်းတွင် သင်တန်းသား (၁၁)ဦး အား ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နိုင် သည်အထိ ဇွန်လ ၆ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ (၁)လကြာ စာတွေ့ လက်တွေ့ သင်ကြား ပေးသွားမည်ဖြစ်ပြီး အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်းထူ ထောင်လိုသူ ထူးချွန်သင်တန်းသား (၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ စနစ်တကျရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သွား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်