မှော်ဘီ၊ ဇွန် ၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မှော်ဘီခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်း လုပ်ငန်းဖြင့် မေလ ၂၉ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့အထိ ဖွင့်လှစ်သင်ကြးပေးခဲ့သော တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက လှည်ကူး မြို့နယ်၊ မင်းကုန်းကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားသို့ မှော်ဘီခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး၊ စီမံကိန်းကော်မတီဝင်များ၊ ရပ်မိ ရပ်ဖများ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။
သင်တန်းဆင်းပွဲ၌ မှော်ဘီခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စီမံကိန်းလုပ်ငန်း ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ရည်ရွယ် ချက်များနှင့် အကျိုးကျေးဇူးများ၊ လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်မည့် အစီအစဉ်များအား ရှင်းလင်း ပြောကြားသည်။
ထို့နောက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ပြီး မှော်ဘီခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက သင်တန်းဆင်းကုန်ချောပစ္စည်းများပေးအပ်သည်။
အဆိုပါ သင်တန်းတွင် အစားအစာနှင့်ပတ်သက်၍ သိကောင်းစရာများ၊ Food Safety နှင့်ပတ်သက်၍သိကောင်းစရာများ၊ တာရှည်ခံဓာတုဆေးများသုံးစွဲမှုအကြောင်း၊ ကိတ်မုန့်အမျိုးမျိုး၊ ကွတ်ကီးအမျိုးမျိုး၊ ပေါင်မုန့်အမျိုးမျိုး၊ လျှာပေါ်ဝဲ၊ Donuts နှင့် မွေးနေ့ကိတ် ပြုလုပ်ခြင်းတို့ကို စာ တွေ့ လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းများထဲမှ အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်းထူ ထောင်မည့် သင်တန်းသား(၅)ဦးကို သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်