သာယာဝတီ၊ ဇွန် ၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သာယာဝတီခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန အနေဖြင့် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေ တိုးရေးစီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်မည့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ မွန်းလွဲပိုင်းက သာယာဝတီမြို့နယ်၊ လက်ပံတုန်းကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားသို့ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ သာယာဝတီခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သက်ဆိုင်ရာဌာများမှ တာဝန်ရှိသူများ၊ စီမံကိန်းကော်မ တီဝင်များ၊ ရပ်မိ ရပ်ဖများ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။
သင်တန်းဆင်းပွဲ၌ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြော ကြားပြီး သာယာဝတီခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စီမံကိန်းလုပ်ငန်း ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ရည်ရွယ်ချက် များနှင့် အကျိုးကျေးဇူးများ၊ လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများပေးအပ်မည့် အစီ အစဉ်များအား ရှင်းလင်း ပြောကြားသည်။ ထို့နောက် သာယာဝတီခရိုင် အမျိုးသမီးရေးရာဥက္ကဋ္ဌက သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများပေးအပ်သည်။
အဆိုပါ သင်တန်းတွင် သင်တန်းသား (၁၅)ဦးအား အမျိုးသမီးဝတ်အင်္ကျီအမျိုး၊ ဂါဝန်၊ သုံးလွှာ စကပ်၊ လေးလွှာစကပ်နှင့် ချိတ်စကပ်ချုပ်နည်း စသည်တို့ကို ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နိုင်သည် အထိ ဇွန်လ ၅ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ (၁)လကြာ စာတွ့ လက်တွေ့ သင်ကြားပေးသွား မည်ဖြစ်ပြီး အမှန်တကယ်ကိုယ်ပိုင်လုပ်ငန်း ထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်