ခရမ်း ဇွန် ၇
ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို တီတွတ် - ခရမ်းဆက်သွယ်ရေး ကျောက်ချောလမ်း(တီတွတ်) ကျေးရွာ၌ ဇွန် ၆ ရက်က ကျင်းပသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ရဲနှင့် အဖွဲ့ဝင်များ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်အိအိထွေးနှင့် ဝန်ထမ်းများ၊ သစ်တော ဦးစီးဌာန တောအုပ်ကြီး ဦးစိုးမြင့်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ကျေးလက်လမ်းဘေးဝဲယာများတွင် မန်ဂျန်ရှား ပျိုးပင်စုစုပေါင်း ၁၀၀ ကို စနစ်တကျ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
ခရမ်း(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်