ညောင်ရွှေ ဇွန် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ မိုင်းပျိုးကျေးရွာအုပ်စု၊ မိုင်းပျိုးကျေးရွာ၊ သလဲဦးကျေးရွာနှင့် ကျေးထက်ကျေးရွာတို့ရှိ သမဝါယမအသင်းသားတောင်သူများအား မိုးစပါး စိုက်ဧကလျာထားချက်ပြည့်မီစေရေးနှင့် ပန်းတိုင်ရည်မှန်းချက်ပြည့်မီကျော်လွန်စေရေး ဆောက်ရွက် ရမည့်အခြေအနေများကို ကျေးထက်ကျေးရွာစာကြည့်တိုက်ခန်းမတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိက ပြောကြားရာတွင် မိုးစပါးစိုက်သမဝါယမအသင်းသားတောင်သူများအနေဖြင့် စပါးမျိုးကောင်းမျိုးသန့် အထွက်တိုးစပါးစိုက်ပျိုးစေရန်နှင့် သွင်းအားစုမြေသြဇာ၊ ပိုးသတ်ဆေး ထောက်ပံ့ပေးအပ်မည့်အစီအစဥ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌက ပံ့ပိုးမည့်အခြေအနေများအား ရှင်းလင်းပြောကြားခြင်း၊ ဂရိတ်ဝေါကုမ္ပဏီမှ တာဝန်ရှိသူက GW-11 နှင့် GW-18 မျိုးကောင်းမျိုးသန့်အထွက်တိုး စပါးစိုက်ပျိုးနိုင်ရေး မိတ်ဆက် ရှင်းလင်းခြင်းနှင့် စမ်းသပ်စံပြစိုက်ဧက ၃ ဧကအတွက် GW-11 မျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိက သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းတွင် သင်တန်းသားရရှိစေရေး အမှုဆောင်များ၊ သမဝါယမအသင်း ဝန်ထမ်းများနှင့် အသင်းသားများမှတစ်ဆင့် အသိပေးသိရှိစေရေးစည်းရုံးဆောင်ရွက်ကြရန်မှာကြားခဲ့ပြီးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်