Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာ၌ ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး


09 Jun,2025

မြစ်ကြီးနား ဇွန် ၈

      ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မြစ်ကြီးနားမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မော်ဖောင်းကျေးရွာအုပ်စု မော်ဖောင်းကျေးရွာ၌ ပြည်နယ်ခွင့်ပြုငွေဖြင့် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဇွန်လ ၈ ရက်တွင် တာဝန်ရှိသူများ . ကွင်းဆင်းစစ်ဆေး ကြကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကချင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းဦး၊ မြစ်ကြီးနားခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်မြင့်ထွန်းနှင့် တာဝန်ရှိသူများသည် မော်ဖောင်းကျေးရွာ၌ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက ကျေးရွာရှိ ရပ်မိ၊ ရပ်ဖများ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံကာ ဆောင်ရွက်ပြီး ကျောက်ချောလမ်းအား အကျိုးရှိစွာအသုံးပြုကြရန်နှင့် လမ်း ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။

       အဆိုပါ ကျောက်ချောလမ်းသည် အရှည် ၁ မိုင် ၁ ဒသမ ၆ ဖာလုံ၊ အကျယ် ၁၈ ပေ၊ ထု ၁ ပေ ၅ လက်မရှိပြီး ပြည်နယ်ခွင့်ပြုငွေဖြင့် မြစ်ကြီးနားမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန် ယူ၍ ယခုနှစ် ဇန်နဝါရီလ ပထမပတ်မှ စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကာရံ(ကျေးလက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်