Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မှော်ဘီမြို့နယ်၌ နတ်ရဲကွင်း-မရမ်းဆည်လမ်း ကွန်ကရစ်တံတားတည်ဆောက်မည်


10 Jun,2025

မှော်ဘီ ဇွန် ၉

   ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး ရန်ပုံငွေဖြင့် နတ်ရဲကွင်း-မရမ်းဆည်လမ်း မြေသားလမ်းနှင့် ကွန်ကရစ်တံတား တည်ဆောက်မည်ဖြစ်ပြီး ယင်းအစီအစဉ်များ ရှင်းလင်း ပြောကြားခြင်းကို ယမန်နေ့က ပြုလုပ်သည်။

    အဆိုပါ နတ်ရဲကွင်း - မရမ်းဆည်လမ်း မြေသားလမ်း ဆောင်ရွက်ခြင်းနှင့် ကွန်ကရစ်တံတားတည်ဆောက်ခြင်း လုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို မှော်ဘီမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးဦးဝဏ္ဏစိုးက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ဝင်းဇော်(မှော်ဘီ)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်