Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်ကြီးနားမြို့နယ်၌ ဇခုန်-မလိခ ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပြီးစီး


10 Jun,2025

မြစ်ကြီးနား ဇွန် ၉

     ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်သည့် လမ်းခင်းကျင်းမှုကို ယနေ့နံနက်ပိုင်းက ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းဦး၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်မြင့်ထွန်းနှင့် တာဝန်ရှိသူများသည် ဇခုန်ကျေးရွာ နှင့် မလိခကျေးရွာကို ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ကျေးရွာချင်းဆက်လမ်းအား ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။

     အဆိုပါ ကျေးရွာချင်းဆက်လမ်းသည် အရှည် ငါးဖာလုံ၊ အကျယ် ၁၈ ပေ၊ ဒု တစ်ပေ ငါးလက်မရှိပြီး မြစ်ကြီးနားမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာများ စုပေါင်းပြီး ယခုနှစ် ဇန်နဝါရီလ ဒုတိယပတ်က လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။

     ထိုသို့ ဆောင်ရွက်နိုင်ခဲ့မှုကြောင့် အဆိုပါလမ်းကို အသုံးပြုနေသည့် ဒေသခံပြည်သူ ၆၅၅၃ ဦးတို့အတွက် ရာသီမရွေးသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

မောင်ခိုင်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်